မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

မြင်းမူ စက်တင်ဘာလ ၁၆

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှု့သူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရုံး ဒုတိယဦးစီးမှူးဒေါ်မြင့််မြင့်မိုးက စာဖတ်ဝိုင်းများနှင့် စာအုပ်ပြပွဲများ အသိပညာ‌ပေးဆွေးနွေးတင်ပြသည့် (talk show)များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်သူများက   စာရေးဆရာဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း‘’ စာအုပ်တွင်ပါရှိသည့်  မိမိနှစ်သက်ရာခေါင်းစဉ်များအလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာအုပ်မှရရှိသည့်  အသိနှင့်တွေးခေါ်ဆင်ခြင်ရသည့် အချက်များအား အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်(၉၀) ကျော်အား စာပေအမြည်းအဖြစ် ဖတ်ရှု့လေ့လာခဲ့ကြသည်။ မြင်းမူမြို့နယ်  ပြည်သူ့စာကြည့်တိုက်သည် အသိပညာပေးလုပ်ငန်းများအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ (talk show)များကို အပါတ်စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)