ကျောင်းကုန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့် စပ်လျဉ်းပြီး ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ၊လူငယ်နှင့်စာဖတ်ခြင်းတို့ ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး (ကာယ)ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာစုက ကာယပညာဆိုတာ ခေါင်း၊ ခါး၊ ခြေ၊ လက် လှူပ်ရှားခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက လူငယ်နှင့်အားကစား အခွင့်အလမ်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ အခမ်းအနားအပြီး၌ အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး(၁)လုံး ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက လက်ခံရယူခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကျောင်းသား ကျောင်းသူများအား သုတ/ရသ စာအုပ်များ ဖတ်ရှုစေခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)