ရေကြည် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် သာမာန်အသုံးစရိတ် ခွင့်ပြုငွေဖြင့်ဝယ်ယူ ဖြန့်ဖြူးပေးခဲ့သော တိရစ္ဆာန်အစာ (၂)မျိုး၊ နွားစာအိတ်(၆၀)အိတ်နှင့်ဝက်စာ အိတ်(၂၀)အိတ်များကို ရေကြည်မြို့နယ်အတွင်း ရေဝင်ရောက်သည့် ကျေးရွာများရှိ တိရစ္ဆာန်များအတွက် လိုအပ်သော အစားအစာများ အထောက်အပံ့ ဖြစ်စေရန် ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍသည်လည်း အရေးပါကြောင်း၊ စိုက်ပျိုးရေးမွေးမြူးရေးကဏ္ဍများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးအိအိစံက တိရစ္ဆာန်အစာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တိရစ္ဆာန်မွေးမြူသူများအတွက် အဆင်ပြေနိုင်မည့် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)