မုဒုံ စက်တင်ဘာ ၁၆
မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မွန်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အကပြိုင်ပွဲဝင်များနှင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုရှင်(၃)ဦးတို့အားဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး ဝါသနာရှင် (ဒုတိယတန်း) အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူမနန်းရီရီတင့်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခြေခံပညာ (၁၅−၂၀) အမျိုးသားအကပြိုင်ပွဲတွင် ဒုတိယုရရှိခဲ့သူ မောင်စည်သူငြိမ်းချမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်မော်ကဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခြေခံပညာ(၁၀−၁၅) အမျိုးသမီးအကပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သူ မချစ်နှင်းချယ်ရီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမင်းအောင်မြင့်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ဝါသနာရှင် (ဒုတိယတန်း)အမျိုးသား အကပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သူ မင်းပိုင်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးလွင်က ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုရှင်(၃)ဦးကိုယ်စား အဆိုရှင် နန်းရီရီတင့်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ဂုဏ်ပြုဆုကို ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။
မုဒုံသူ (ပြန်/ ဆက်)