(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၆

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူဒါန်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အမှတ် (၃၀) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူး ရဲမှူး စိုးဝဏ္ဏ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများက သွေးမျိုးစုံအိတ် (၅၀) ကျော်အား ဖောက်ထုတ်လှူဒါန်းကြရာ မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးဖောက်ထုတ်ခြင်းများအား လုပ်ဆောင်ပေးခဲ့ကြသည်။ 

ယော်ဆောင်(ပြန်/ဆက်)