အသက်(၅) နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်များကို ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၅ နယ်မြေရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ အသက် ၅ နှစ်မှ အသက် ၉နှစ်ရှိ ကျောင်းသားကျောင်းသူများအား ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို

စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ (Mask Campaign) ပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၈ နာရီအချိန်က လူစည်ကားရာ‌ ဆင်ဖြူကျွန်းမြို့မစျေးနှင့် နွယ်တမယ်တံတားထိပ် ယာဥ်အသွားအလာ စည်ကားရာနေရာ၌ (Mask Campaign)ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မိုင်းပျဉ်းမြို့ မြို့မစျေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ

သန့်ရှင်းသာယာသောမြို့၊ ရွာများ ဖြစ်စေရေးအတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ကို ခရိုင်မြို့ဖြစ်သည်နှင့်အညီ မျက်စိပသာဒကျပြီး သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥက္ကာကိုတို့က ကြီးကြပ်၍ မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ မွန်ပြည်ရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့် တပ်ဖွဲ့ဝင် စုစုပေါင်း (၈၇) ဦးတို့မှ စုပေါင်းသွေးလှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ နံနက် (၇)နာရီအချိန်က လွိုင်ကော်မြို့၊ စျေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့်အခြေခံ စားသောက်ကုန်များရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များကို ‌ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအား ရောင်းပေးခြင်း ယနေ့နံနက် (၇)နာရီအချိန်က လဟယ်မြို့၊ ရွှေပြည်သာ အားကစားကွင်း၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရန် ၁၈၆၇၉၇ ဦးရှိပြီး ၁၇၇၉၉၅ ဦး ဆောင်ရွက်ပြီးဖြစ်၍ ၉၉ ဒသမ ၂၈ ရာနှုန်း ဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်ရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး  လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်  မုံရွာခရိုင်နှင့် မြို့နယ်ရုံး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး များတက်ရောက်ခဲ့ကြပြီး အခြားသောခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက Zoom application ဖြင့်တက်ရောက်ခဲ့ကြသည်။
Subscribe to