(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လွိုင်ကော် စက်တင်ဘာ ၁၇

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ နံနက် (၇)နာရီအချိန်က လွိုင်ကော်မြို့၊ စျေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး ရဲလွင်စိုး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ရွှေသန်း၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထင်အောင်လင်း၊ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲ (လွိုင်ကော်)မှ တပ်ဖွဲ့ခွဲမှူးရဲမှူး ဘုန်းမင်းစိုး၊ ကမ္ဘာလှည့် ရဲတပ်ဖွဲ့ခွဲ(လွိုင်ကော်) ဒုတိယရဲမှူး နိုင်ဝင်းတို့ ဦးဆောင်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၀) (လွိုင်ကော်)၊ အမှတ်(၅) မှုခင်းရဲတပ်ဖွဲ့စု၊ အမှတ်(၂) ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲ(လွိုင်ကော်)၊ လူကုန်တားရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့တို့မှ ရဲအရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား ၊ ရဲမေတပ်ဖွဲ့ဝင်များ စုစုပေါင်း (၉၈)ဦးတို့မှ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဇင်(လွိုင်ကော်)