လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့်အခြေခံ စားသောက်ကုန်များရောင်းချပေး

လဟယ် စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များကို ‌ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအား ရောင်းပေးခြင်း ယနေ့နံနက် (၇)နာရီအချိန်က လဟယ်မြို့၊ ရွှေပြည်သာ အားကစားကွင်း၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ တန်ဖိုးသင့် စားသောက်ကုန်များနှင့်အသား/ငါးများရောင်းချပေးရာတွင် လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းမိသားစုများကဦးဆောင်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့်ကြက်သား၊ ငါးများကိုဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များရောင်းချပေးနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်း၀င်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ၎င်း တန်ဖိုးသင့်စားသောက်ကုန်များရောင်းချပေးခြင်း အစီအစဉ်ကို လဟယ်မြို့‌နယ် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ‌၀ယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို အပတ်စဉ်စနေနေ့တိုင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

(လဟယ်ပြန်/ဆက်)