ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ  ဒီဇင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ လေ့ကျင့်ရေးအလယ်တန်း​ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်း၏စည်းမျည်း၊ စည်းကမ်းများ လိုက်နာကြစေရန် ဒီဇင်ဘာလ အခန်းဆုံးစစ်​​ဆေးခြင်း စာမေးပွဲတွင် ကောင်းစွာဖြေဆိုနိုင်စေရန်၊ လူငယ်များနှင့်သက်ဆိုင်သည့် လူငယ်ရေးရာ အကြောင်းအရာများကို မှတ်သားထားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က “ကျောင်းသားလူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ လူငယ်များကျန်းမာကြံ့ခိုင်​​စေရန် ကျန်းမာရေးနှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ ခေတ်မီတိုးတက်လာသော နည်းပညာများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ကောင်းကျိုး၊ ဆိုးကျိုးများ” စသည့် လူငယ်များနှင့်သက်ဆိုင်သည့် လူငယ်ရေးရာ အကြောင်းအရာများစွာအား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)