ချမ်းအေးသာစံ ဒီဇင်ဘာ ၁၂
မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများကို အမှတ်( ၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်းများကို ပြုလုပ်ခဲ့ကြသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားသို့ မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)