မိုင်းခတ်မြို့နယ်၊ တောင်သုံး​လုံးကျေးရွာ၌ အလင်းသစ်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ဖြင့် မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတွင် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်ပုံမှန်သတ်မှတ်ရက်အတိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၄) ရပ်ကွက်ရှိ သမိုင်းဝင်စော်ဘွားကန်ဘောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း လမ်းမကြီးများအား လမ်းမကြီးများဥပဒေနှင့်အညီ ဖြစ်တည်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်အတွင်း လမ်းမကြီးများအား လမ်းမကြီးများဥပဒေနှင့်အညီ ဖြစ်တည်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာရှိ အောင်ငွေဖြိုး စက်သုံးဆီအရောင်းဆိုင်သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာရှိ အောင်ငွေဖြိုး စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။

တာချီလိတ်မြို့၌ မီးဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ဝမ်ကောင်းမြို့မဈေးအတွင်း ကျင်းပပြုလုပ်သည်။

မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ‌မန်နေ့နံနက်ပိုင်းက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အင်္ဂပူမြို့၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to