မြစ်သား ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဒီဇင်ဘာ ၁၂ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များသည် ပြင်ပပေါက်ဈေးထက်ဈေးနှုန်း ချိုသာစွာရောင်းချပေးရာ ဒေသခံပြည်သူများမှလာရောက် ဝယ်ယူခဲ့ကြသည်။ ထို့သို့ ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ပိဿာ ပေါင်း ၅၀ အားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၀ အားလည်းကောင်း၊ ဆိတ်သား ၁ ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ အားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ အား လည်းကောင်း၊ ကြက်ဥ ၁ လုံး ၄၀၀ ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်းကောင်း၊ သုခရှယ်ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် (ဆန်ပြည်ပေါင်း ၄၈ (ပြည်)အားလည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၇၃၅၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၁၀အားလည်ကောင်း၊ ခရမ်းချဉ်သီး ၁ ပိဿာ ၅၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၈၀ တို့အား ပြင်ပပေါက်ဈေးထက်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ အဆိုပါ ဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)