ပိုင်ကျုံ စက်တင်ဘာ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက်(၁၈)နှစ် အောက် ကျောင်း သား/သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ဆက်လက်ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အ.ထ.က ကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/သူများအား စက်တင်ဘာလ ၁၂ ရက်နေ့တ်င် စတင်ထိုးနှံပေးလျက် ရှိရာ စက်တင်ဘာလ ၁၉ ရက်အထိ(၈၉၃)ဦး ထိုးပေးနိုင်ခဲ့ပြီး ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ကစိုကျေးရွာရှိလူမှုကယ်ဆယ်ရေးအသင်းမှစေတနာ့ဝန်ထမ်းများနှင့်သက်ဆိုင်ရာ ဆရာ/မများတို့ က ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကျောင်းသား/သူများအားကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)