မဟာအောင်မြေ စက်တင်ဘာ ၂၀
ဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ မန်းမြို့ဈေးတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၂)ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ဦး၊ မြို့နယ်ထွေ/အုပ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံ၊ မြို့နယ်စည်ပင် ဒု-အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဦးစီးမှူးဦးညွန့်ဝင်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးဘိုဘိုဟန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မိခင်/ကလေး၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်စည်း/ထိန်းကော်မတီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၈၀) ဦးခန့်တို့ပူးပေါင်း၍ မန်းမြို့ဈေးရှေ့၌ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်းမရှိစေဘဲ နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံး ပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် (၁၀၀) စောင်၊ နှာခေါင်းစည်း (Mask) (၁၀၀၀) ခုအား (အခမဲ့) ဝေငှတပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း