အုတ်တွင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် မိုဘိုင်းစနစ် လှည့်လည်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံရောင်းချပေးခဲ့သည်။
အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် သက်သာသောစျေးနှုန်းများဖြင့် အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် မိုဘိုင်းစနစ် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)