ပုဇွန်တောင် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၂) ရပ်ကွက်ရှိ ၅၅လမ်း ဓမ္မာရုံ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၁၇၀၀) ကျပ်၊ စားဆီတစ်ပိဿာလျှင် (၄၈၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၇၅) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၅ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန်အိတ်(၁၀) အိတ်၊ ဆီ (၁၁၀)ပိဿာ၊ ကြက်ဥအလုံး (၁၀၀၀)တို့ကို အိမ်ထောင် (၂၀၀)အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်