ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

နမ့်ဆန် စက်တင်ဘာ ၂၀ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကလေးအလုပ်သမားနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးပွဲ( Talk Show) ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နန္ဒာလင်းမှ ကလေးအလုပ်သမားဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး ပြဌာန်းထားသည့် ဥပဒေများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆောင်ရွက်ချက်များ အစရှိသည့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)