ကမမောင်းမြို့၌ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကမမောင်း  စက်တင်ဘာ ၂၀

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို  ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ (အင်အားပြ)ဒေါ်တင်တင်လှက ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီ/ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲ၊ သရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)