မံစီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မံစီ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက် အေးသာယာကုန်း ဘုန်းတော်ကြီးသင် မူလတန်း လွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။       

အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်စေရန်၊ ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။                                                      

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်မြသက်ဦးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်နှင့် လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးတို့ကို လည်းကောင်း၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစိုးဝင်းသန်းက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြကာ အေးသာယာကုန်း ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား အားကစားအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး   အားကစားပစ္စည်းများ ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)