ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း အဆိုပြုတင်ပြရေးညှိနှိုင်း အစည်းအဝေးကျင်းပ

ဆိပ်ဖြူ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းအဆိုပြုတင်ပြခြင်း အခမ်းအနားကို  ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းအဆိုပြုတင်ပြခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသန်းစိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆိုပြုတင်ပြ‌ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးသည်။ ထို့နောက် မြို့နယ်အတွင်းရှိ ဌာနများက ဒေသန္တရစီမံကိန်းအဆိုပြုတင်ပြချက်များကို ရှင်းလင်းတင်ပြပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ဒေသန္တရစီမံကိန်းအဆိုပြုတင်ပြခြင်း ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကိုဇွဲ (ပြန်/ ဆက်)