အလုံ စက်တင်ဘာ ၂၀
ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၌ သံဃာတော်များနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတ့င် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံသူ(၄၂)ဦး၊ ပထမအကြိမ်ထိုးနှံသူ (၆)ဦး၊ စုစုပေါင်း (၄၈)ဦးတို့အား ထိုးနှံပေးခဲ့ပြီး အလုံမြို့နယ်တွင် ပထမအကြိမ်ထိုးနှံပြီးသူ (၂၈၆၄၃)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၇၂၅၇) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ စစ်ကြောင်းကြီး (၅) ကြောင်းမှ အုပ်ချုပ်ရေး စစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းများမှ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ သန်းသန်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တာဝန်ရှိသူများမှ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)