ငါးသိုင်းချောင်းမြို့ ပုံသိမ်-မုံရွာလမ်းမပေါ်၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကြပ်မတ် စစ်ဆေးခြင်းဆောင်ရွက်

ငါးသိုင်းချောင်း စက်တင်ဘာ ၂၁

ငါးသိုင်းချောင်းမြို့ လက်ပံပင်ကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းမပေါ်၌ ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ စစ်ဆေးအရေးယူမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကုန်းပြင်နယ်မြေ စခန်းမှူးရဲအုပ် မျိုးမင်းဆွေဦးဆောင်သည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာရေး၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များ စစ်ဆေးခြင်းတို့နှင့် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်စီးဦးထုပ် မဆောင်းသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)