ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကလေး စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆည်တော်ဦးကျေးရွာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကျေးရွာကာကွယ်ရေးအသင်းနှင့် ကျေးရွာလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပြီး ဒေသကွပ်ကဲရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ဆုရရှိသော အသင်းများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်၍  ပထမဆုရရှိသော ကျေးရွာလူငယ်အသင်းအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ထို့နောက် နယ်မြေခံတပ်မတော်ရှိ မှီခိုသူကလေးများနှင့် ဆည်တော်ဦးကျေးရွာမှ ကျောင်းသူလေးများ၏ အေရိုးဗစ်အကများဖြင့် ဖျော်ဖြေခဲ့ပါသည်။

ဘောလုံးပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်း(၁၀)သင်းဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကလေး(ပြန်/ဆက်)