စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ  (အခမဲ့)ဝေငှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

စမ်းချောင်း   စက်တင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ရှင်စောပုရပ်ကွက် လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း Mask များ(အခမဲ့)ဝေငှခြင်း၊     အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ရပ်ကွက်တွင်းနေထိုင်သည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး၊ ထပ်ဆောင်းကာကွယ်ဆေးများ (၆)လပြည့်ပြီးသူတိုင်း ဆက်လက်ထိုးနှံသွားရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း