နမ့်ဆန် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မာမာထွန်းမှ ယမန်နေ့နေ့လည်(၁)နာရီအချိန်ခန့်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဇယ်တုန်ဟုန်း)နှင့် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မာမာထွန်း က အားကစားဆိုင်ရာ သိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းသူလေးများမှ Myanmar Fitness Dance ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်မှ ဒေသတွင်းနေထိုင်ကြသော လူငယ်လူရွယ်များ ကျန်းမာရေးတွင် စိတ်ပါဝင်စားပြီး ကျန်းမာသန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် အကများကို ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)