သာစည်မြို့၌ မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော်ရွတ်ဖတ်ပူဇော်ပြီး ငါးလွှတ်ပွဲကျင်းပပြုလုပ်

သာစည် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မှုသော မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က   အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ”နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညဓဇထံမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍သာယာကုန်းကျောင်းဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များက မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော်ကို   ရွတ်ဖတ်ပူဇော်သည်။  ထို့နောက်  ဆရာတော်သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  နေ့ဆွမ်းနှင့်ဘောစဉ်များ ဆပ်ကပ်ခဲ့ကြောင်းသိရသည်။ အလားတူညနေ ၄ နာရီတွင် သာစည်မြို့ရှင်ရဲတစ်ထောင်ရှင်ပင်သစ္စာရစေတီ၌ သာယာကုန်းကျောင်းဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များက  မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော် ရွတ်ဖတ်သရဇ္ဇယ်ပြီး   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ရေစက်ချအမျှအတန်း ပေးဝေပြီး ဇီဝိတဒါနငါးလွှတ်ပွဲ  ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊    မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)