ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော

ပန်းတောင်း စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ..က ကြိုးကြာကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်း က စာပေဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ..က တောင်ပို့ကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော် က အလိမ္မာစာမှာရှိသည်နှင့်အညီ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများတိုးတတ်စေသည့်အပြင်၊ စာဖတ်ခြင်းဖြင့်ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားခြင်း၊ ဖြတ်ထိုးဉာဏ်များထက်မြက်စေခြင်း စသည့်အချက်များနှင့် စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့သွားရောက်၍ စာပေများလေ့လာဖတ်ရှုစေရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ကိုကြီး(ပန်းတောင်း)မှ "အရိုးပေါ်အရွက်မဖုံးစေရ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ စစ်ရင်သွေး(ပန်းတောင်း)တို့မှ "လူငယ်နှင့်ရသစာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ရသ အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)