သာပေါင်း စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာ ဝန်ထမ်း (၆၀)ဦးတို့ကို booster ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး သာပေါင်းမြို့နယ်အတွင် ဌာနဆိုင်ရာ ဝန်ထမ်း(၃၄၇)ဦးတို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှစတင်၍ တနင်္လာ၊ သောကြာနေ့များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပညာရေးဌာနမှ ဆရာ၊ ဆရာမ(၄၉)ဦး၊ ကျန်းမာရေးဌာန(၁)ဦး၊ မြေစာရင်း(၁)ဦး၊ အခွန်(၁)ဦး၊ တရားရုံး(၈)ဦးနှင့် ယခင်နေ့များက ဌာနဆိုင်ရာ ဝန်ထမ်း(၁၉၀)ဦး ပေါင်း(၂၅၀)ဦးတို့ ကျန်းမာရေးဌာနတွင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများ သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း(ပြန်/ဆက်)