ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါအသိပညာပေးရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နှာခေါင်းစည်း Mask တပ်ဆင်ရေး အခမဲ့ဖြန့်ဝေ

ကွမ်းခြံကုန်း    စက်တင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မူဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့်လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် အိုမီခယွန် မျိုးရိုးဗီဇများ ရောဂါကို BA.2.75BA.4BA.5 ကူးဆက် မူများတွေရှိနေရပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက်နေအိမ်မှ ထွက်ခွာတိုင်းမဖြစ်မနေ (Mask)စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား (Mask)များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask (၁၅၀၀)အား ပြည်သူများထံအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုကူညီရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (IPRD)