ချောက်ခရိုင်အတွင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးလုပ်ငန်းများ အကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း​ဝေး ကျင်းပ

ချောက် စက်တင်ဘာ ၂၂

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်​၊ ချောက်မြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးလုပ်ငန်းများ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း​ဝေးကို ယ​မန်​နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ​ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​​ဌေး​ကျော်က ဖွင့်အမှာစကား​ ပြောကြား​ရာတွင် ချောက်ခရိုင်အတွင်း ယာဉ်မ​တော်တဆ ထိခိုက်မှုအန္တရာယ်​ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွား​ဘဝ ဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့်ဖြစ်​ပေါ်​သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ​ လျော့နည်းကျဆင်းလာ​စေရန် အ​ကောင်အထည်​ဖော်​​ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးချမ်း​မြေ့ဝင်း၊ ခရိုင်တရားသူကြီး ဦးလှထွန်း၊ ခရိုင်ဥပ​ဒေအရာရှိ​ ဒေါ်​အေး​အေးချမ်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်း ​ချောက်/လမ်းရွာ ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာ ဦးရဲနိုင်၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အမှု​ဆောင်အရာရှိဦး​နေမန်းတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးလုပ်ငန်းများ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်နိုင်​ရန်အတွက် ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် ​မော်​တော်ဆိုင်ကယ်များ သတ်မှတ်​နေရာတို့တွင် စနစ်တကျရပ်နားရန်၊ မီးပွိုင့်အနီးနားနှင့် မိန်းလမ်းမများတွင် ယာဉ်ကြီးများ ရပ်နား​မှုမရှိစေရန်နှင့် မြို့မ​စျေး​မြောက်ဖက်လမ်းအား တစ်လမ်း​မောင်းစနစ်ဖြင့် နံနက်၆နာရီမှ မွန်းလွဲ၁နာရီအထိ ယာဉ်ကြီးများမဝင်ရစနစ်ဖြင့်​ ဆောင်ရွက်​ပေး​နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးဆွေးနွေးခဲ့​ကြ​ပြီး​တက်​ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ တင်ပြဆွေး​နွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​​ဌေး​ကျောက လိုအပ်သည်များ​ကိုပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)