မြစ်သားမြို့နယ်အတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ကင်းစိန်စျေးအရှေ့ကျေးရွာရှိ မင်္ဂလာရာမာစံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။