စဉ့်ကူးမြို့နယ်တွင် ကျေးရွာ ၄ ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေး
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ (၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။