ဥတ္တရသီရိ စက်တင်ဘာ ၂၅
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ခုတင်(၅၀၀)အရိုးအထူးကုပြည်သူ့ဆေးရုံ၌ကျင်းပသည်။
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၇)ဦးတို့က စုပေါင်းသွေးလှူဒါန်းရာသို့ နေပြည်တော်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦး၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစံသူ၊ ဇေယျာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမောင်မောင်ဦး၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးအေးမင်း၊ ဥတ္တရသီရိမြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ ကုတင်(၅၀၀) ဆေးရုံမှဓာတ်ခွဲဌာနပါမောက္ခ ဒေါက်တာစန်းစ္ဒါခင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရ သည်။
ခရိုင်ပြန်/ဆက်