တကောင်း စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယမန္နေ့နံနက် (၇)နာရီက လူစည်ကားရာနေရာများနှင့် ဈေးလမ်း ဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ လမ်းညွှန်မှုဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများ၊ တကောင်းနယ်မြေစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်၊ အများပြည်သူများနေဖြင့် နေအိမ်ပြင်ပ သို့ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျ တပ်ဆင် ပြီးမှ သွားလာကြရန်၊ ဈေးရောင်း၊ ဈေးဝယ်များနေဖြင့်လည်း နှာခေါင်းစည်း (Mask)များတပ်ဆင် ပြီးမှ ဈေးရောင်းချကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အကြိမ်ပြည့်ထိုးနှံကြရန် စသည့် ကျန်မာရေးအသိပညာပေးများ ဆောင်ရွက်ပြီး မြို့တွင်းသို့ ဝင်၊ ထွက်သွားလာသူများ၊ ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်နေသူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)