သာစည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို လူစည်ကားရာနေရာများဖြစ်သော သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်အနီး မိတ္ထီလာ-တောင်ကြီးကားလမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို နေအိမ်ပြင်ပထွက်သည့် အခါတိုင်း စနစ်တကျတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဆေးလွှမ်းခြုံခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လျက်ရှိသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း (Mask Campaign) ပြုလုပ်၍ အသိပညာပေးခြင်းများကို မြို့ပေါ်လူစည်ကားရာနေရာများ၊ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)