နောင်ချို စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူ ညီရေးအသင်း အာယုဒါန(အခမဲ့) ဆေးပေးခန်းဆေးပဒေသာပင် အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာနေ ဦးစိုင်းဝင်းမောင်+ဒေါ်နန်းသိန်းဆွေ (ရွှေညောင်ပင်ဆန်စက်မိသားစု)မှ အာယုဒါန(အခမဲ့) ဆေးပေးခန်းဆေးပဒေသာပင်အတွက် အလှူငွေကျပ် (၅) သိန်းကိုလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သဖန်းကိုင်းပရဟိတ ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော အာယုဒါန(အခမဲ့) ဆေးခန်း၌ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)