မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်း သတ်မှတ်လျားထား စိုက်ဧကများ  စိုက်ပျိုးပြီးစီး

မိတ္ထီလာ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်း သတ်မှတ်လျားထားစိုက်ဧက ၁၁၀၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ စပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည် ဖြန့်ဖြူးရောင်းချနိုင်ရေး မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ် တွင် စိုက်ဧက ၁၃၀ ဧက ၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၂၅၀ ဧက၊ သာစည်မြို့နယ်တွင် ၂၃၀ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၄၉၅ ဧကတို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး ခရိုင်အတွင်းရှိ ကျေးရွာ ၃၁ ရွာမှ  ဒေသခံတောင်သူ ၅၄၈ ဦးက မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းကို သြဂုတ်လမှ စတင်၍စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းကို စိုက်ပျိုးရာတွင် မနောသုခမျိုးစေ့ထုတ် စိုက်ဧက ၅၄၅ ဧကနှင့် ဆင်းသုခ မျိုးစေ့ထုတ်စိုက်ဧက ၅၆၀ ဧကတို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ကြသည့် ဒေသခံတောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ဧကများတွင် ဓာတ်မြေသြဇာ အချိန်ကိုက် အချိုးညီသုံးစွဲတက်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)