အမ်း စက်တင်ဘာလ ၂၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာ ရီ အချိန်က လေယာဥ်ကွင်းရပ်ကွက်၊ စန္ဒာသူရိယလမ်းတွင် စတင်၍ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်သည့် မြိုနယ်ထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုးကြီးကြပ်ရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ အခြေခံလူဦးရေစာရင်းအား မှန်ကန်စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
မြို့နယ်(ပြန်/ဆက်)