ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အပိုဆောင်းကာကွယ်ဆေး (Booster)များ ထိုးနှံပေး

ဒေးဒရဲ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ် များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထိုးနှံပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အသက်(၁၈)နှစ်အထက်ရှိသူ လျာထားဦးရေ (၁၅၈၉၁၃) ဦးရှိသည့် အနက်  ဒုတိယအကြိမ် အပိုဆောင်းထိုးနှံမှုအဖြစ် နိုင်ငံ့ဝန်ထမ်း (၂၃၉)ဦးနှင့် ပြည်သူများအား ပထမအကြိမ် အပိုဆောင်းထိုးနှံပြီးစီးမှုအဖြစ် (၂၁၉၅၂)ဦးကို ထိုးနှံပြီးစီးကြောင်း သိရပြီး အပိုထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရ သည်။

အေဇာလင်း