လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့်Mask Campaign စုပေါင်းဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ ထီလုံကျေးရွာအတွင်းရှိ လူစည်ကားရာ ဈေး၊ ကားဂိတ်၊  ဆိုင်ကယ်တက္ကစီဂိတ်တို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပ

ထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေး ပြောကြားပေးခြင်းနှင့် Mask  Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီခွဲအချိန်က   ဌာနဆိုင်ရာအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဌာနမှ ဒေါ်မြင့်မြင့်ဝင်း (ကြီးကြပ်-၁) နှင့် ဝန်ထမ်းများ၊ နယ်မြေစခန်းမှူး ရဲအုပ် နိုင်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်အောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask (၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး တစ်ခါတည်းတပ်ဆင်စေရန် ပညာပေးစည်းရုံးခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)