ရန်ကုန် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ လရောင်ဖြာပရဟိတအသင်းကဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် ထေရဝါဒအထူးတရားပွဲကို မတ် ၂၉ ရက်နေ့က ဗိုလ်ချုပ်ကျေးရွာ သာယာကုန်းနယ်မြေ (၁၂) ၌ ကျင်းပလျက်ရှိသည်။
အဆိုပါကျင်းပလျက်ရှိသည့် ထေရဝါဒအထူးတရားပွဲတွင် နိုင်ငံကျော်ဓမ္မကထိကများက တရားတော်များက မတ်လ (၂၅) ရက်နေ့မှစ၍ ည (၇) နာရီအချိန်မှဟောကြားလျက်ရှိပြီး မတ်လ (၂၉) ရက်နေ့ထိ (၅) ရက်တိုင် ဟောကြားမည်ဖြစ်ကာ မတ်လ (၂၉) ရက်နေ့ညတွင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ကြွရောက်၍ တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း အလှူရှင် သုဓမ္မမဏိဇောတဓရ ဦးအောင်သန်း၏ ပြောကြားချက်အရ သိရသည်။
ဖြိုးသီဟ