လှည်းကူးမြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်

လှည်းကူး   အောက်တိုဘာလ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧကလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့်ဒေသခံတောင်သူများထံသို့ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့များပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။

နေကြာမျိုးစေ့များပေးအပ်ရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစန်းအောင်က မြို့နယ်အတွင်း နေကြာစိုက်ပျိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လှည်းကူးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက(၈၁၃)ဧကလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက နေကြာမျိုးစေ့များကိုတက်ရောက်လာကြသည့် ကျေးရွာ(၁၄)အုပ်စုကကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်ပျိုးသွားမည့်တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)