မြစ်ကြီးနား စက်တင်ဘာ ၁၁
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင်တို့တွင် လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည့် အခြေအနေများကို စက်တင်ဘာ ၁၀ ရက်နေ့ ည ၆ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့သို့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် စိမ်းမြဧရာပန်းခြံ၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လည်ပတ်အပန်းဖြေနေမှုများ၊ ကစားကွင်းများနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ဧရာဝတီ မြစ်ကမ်းဘေးရှိ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်သူများပျော်ရွှင်စွာ လာရောက်အပန်းဖြေလည်ပတ်နေမှု သွားရောက်ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများနှင့်အတူ စတုဒီသာများ ဝေငှကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)