ဝေါမြို့နယ်၌ တောင်သူများလက်ဝယ်အရောက် ဆောင်းသီးနှံ နေကြာမျိုးစေ့အိတ်များ ကွင်းဆင်းထောက်ပံ့ပေးအပ်

ဝေါ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိတောင်သူများ၏ လက်ဝယ်အရောက် ဆောင်းသီးနှံနေကြာမျိုးစေ့အိတ်ထောက်ပံ့ပေးအပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက တနော်ကျွန်ကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဆပ်သွားချုံကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက တောင်သူများအား ဆောင်းသီးနှံနေကြာမျိုးစေ့အိတ်ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်မိုးလွင်က ဆောင်းသီးနှံ ဆီထွက်နေကြာ စိုက်ပျိုးနည်းစနစ်များကို ပညာပေးဆွေးနွေးပေးသည်။ ယင်းနောက် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်းသီးနှံ ဆီထွက်နေကြာမျိုးစေ့ သုံးကီလိုအိတ် တစ်အိတ်လျှင်(၂၃၀၀၀)ကျပ်ဖြင့်  ထောက်ပံ့ပေးအပ်သည်။

ဝေါမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု(၆၄)အုပ်စု၊ ကျေးရွာခွဲ(၁၇၇)ရွာတွင် ဆောင်းသီးနှံ ဆီထွက်နေကြာကို လျာထားဧက(၂၀၀၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)