ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ Association of World Election Bodies (A-WEB) ၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့သို့ ထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပမည့် Association of World Election Bodies(AWEB) Bodies (A-WEB) ၏(၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် လေကြောင်းခရီးစဉ်အမှတ် SQ 761 ဖြင့်ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ ဌခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးစောဘလှိုင်နှင့် အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)