အမ်း အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ် အမ်းခရိုင် တပ်တောင်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ပြုသည့် တပ်တောင်မြို့အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း မြို့နယ်QCအဖွဲ့များ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုမ္ပဏီများ တက်ရောက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တပ်တောင်မြို့အတွင်း၌ ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေးလုပ်ငန်းများအား ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများသို့ အဖွဲ့ဖြင့်ကွင်းဆင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
စိုးမင်းထွန်း
မြို့နယ်ပြန်ဆက်