ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်ဌာနဆိုင်ရာရုံးများ ဖွင့်ပွဲတက်ရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်ဌာန ဆိုင်ရာရုံးများဖွင့်ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် မိုးကုတ်ကျောင်းတိုက်၌ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မိုးကုတ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီ ခွဲအချိန်က အဆိုပါကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်တနင်္လာနေ့တိုင်း ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများအား စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။

ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း စကအာလူးအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့်အားလူးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အားလူစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့့်ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် စာရေးဆရာ ခင်မောင်အေး (နှလုံး) ရေးသားထားသော လူရယ်လို့ဖြစ်လာလျင် စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နေ့လယ် (၃)နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club များကစာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့်   အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ လူထုစိန်ဝင်း၏ လူငယ်နှင့်ကြီးပွားရေးစာအုပ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ညောင်အင်းကျေးရွာအုပ်စု မြောင်းဘောင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ညောင်အင်းကျေးရွာအုပ်စု မြောင်းဘောင်ကျေးရွာမှ တောင်သူများအနေဖြင့် ဆန်စပါးနှင့်ဆီထွက်သီးနှံများအပြင် နေ့စဥ်ဝင်ငွေရရှိမည့် ဟင်းသီးဟင်းရွက်များနှင့်သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ တောင်သူဦးမြင့်စိုးစိုက်ပျိုးထားရှိသော ပန်းမုံလာခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး စျေးကွက်အတွင်း စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း သိရသည်။
Subscribe to