ကျောက်ဆည်မြို့တွင် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီး ရောင်းချသူများအဆင်ပြေ

ကျောက်ဆည် အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့တွင် သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ ထွက်ရှိသော ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးများအား သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဆင့်ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ဖရဲသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

ဖရဲသီးများအား   သဲတောမြို့နယ်၊ဝမ်းတွင်းမြို့နယ်များရှိ ဖရဲစိုက်ခင်းများအား ကိုယ်တိုင်ကြည့်ရှု၍ အခင်းပြတ်၊အလုံးပြတ်ဝယ်ယူကာ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် တစ်ဆင့်ပြန်လည်ရောင်းချကြောင်း၊ ဝယ်ယူရာတွင် အလုံးအကြီးအသေးအလိုက် ငွေကျပ်(၂၅၀)မှ (၅၀၀)ကျပ်အထိ ဝယ်ယူရကြောင်း  ရောင်းချသည့်အခါ အသီးတစ်လုံးတွင် အမြတ်ငွေ(၅၀)ကျပ်မှ (၁၅၀) ကျပ်အထိ ရရှိသဖြင့် ဖရဲသီးဝယ်ယူရောင်းချရာတွင် အဆင်ပြေလျက်ရှိကြောင်း (၄)နှစ်ဆက်တိုက် ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးရောင်းချသူ ကိုခင်မောင်စိုးမှ ပြောပြ၍ သိရသည်။

သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် ထိုင်ဝမ်ဖရဲသီးများကို နှစ်ပတ်လည်စိုက်ပျိုးကြောင်း သိရှိရကာ တစ်နိုင်တစ်ပိုင် ဖရဲစိုက်ပျိုးသူများအနေဖြင့် ထွက်ရှိလာသော ဖရဲသီးများအား  သဲတောဈေးနှင့် ဝမ်းတွင်းဈေးများတွင် ကိုယ်တို်ငရောင်းချမှုများရှိကြောင်းနှင့် စီးပွားဖြစ်စိုက်သူများအနေဖြင့် အမြို့မြို့အနယ်နယ်ရှိ ဖရဲသီးအဝယ်ဒိုင်များဖြင့် ချိတ်ဆက်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)