မြောက်ဦး အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယနေ့နေ့လယ် ၁၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် ဥပဒေနှင့် ပြစ်မှု/ပြစ်ဒဏ်များကို မေးမြန်းခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးဇော်လင်းသာမှ ကလေးအလုပ်သမား ဖြစ်လာရခြင်းနှင့် မြန်မာနိုင်ငံမှာ ကလေးများအတွက် ကာကွယ်ပေးထားသည့်ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံများ၌ ကလေးအလုပ်သမားများ၏ အလုပ်ချိန်သတ်မှတ်ထားမှုများ၊ ကလေးအလုပ်သမားများကို ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုးငြိမ်းနိုင် (မြောက်ဦး)