ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့်နေရာအား ကြည့်ရှုစစ်ဆေး

ပန်းတနော် အောက်တိုဘာ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့် အခြေအနေအား အရည်အသွေးပြည့်မှီစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းအား တာဝန်ယူ ဆောက်လုပ်နေသည့် မြို့မကုမ္ပဏီ တာဝန်ခံဒါရိုက်တာမှ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်ဒေသကြီးဝန်ကြီးချုပ်တို့မှ လုပ်ငန်းများ အရည်အသွေးပြည့်မှီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) သည် ပန်းတနော်မြို့နယ် ရန်ကုန်- ပုသိမ်ကားလမ်းမကြီး မိုင်တိုင်အမှတ် (၅၀)မိုင် (၃)ဖာလုံနှင့် (၅၀)မိုင် (၄)ဖာလုံအကြားတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အရွယ်အစား ပေ (၁၀၀x ၆၀)RC နှစ်ထပ်အဆောက်အုံအဖြစ် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် ၅၈၂ ဒသမ ၆ သန်းအသုံးပြု၍ ၂၀၂၃ ခုနှစ် မတ်လအပြီး ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)